အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Monday 28 July 2008

ဓမ္မဒူတဆရာတော်ကြီး၏တပည့်ဓမ္မဒူတ အရှင်ဆေကိန္န


စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ၊
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ပူနေရင် အေးတဲ့စိတ်၊
နောက်နေရင်ကြည်တဲ့စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။

သူများ ပေးစာ ကျွေးစာ တစ်ထောင်ဖိုး စားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိန်တယ်

ငါ အတော်ဆုံးလို့ ထင်နေရင်အဖျင်းဆုံး
အဆင့်ကိုရာက်သွားပြီ

ကောင်းတဲ့အလုပ်ဟာနောက်ကျတယ် ဆိုတာမရှိပါဘူး
လုပ်ငန်းမစ ရသေးတာပဲရှိပါတယ်

အမြင့် ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့အမြင့် ရောက်တာက ပိုကောင်းတယ်။

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ဖြစ်နိုင်တာတွေပါ
ဆုံးရှုံးလိုက်ရပြီ။ဖြစ်နိုင်တာကိုသာဦးစားပေးရင်ဖြစ်ချင်တာတွေပါ
အားလုံးဖြစ်လာမယ်။

“ဘေး” ကို ကြည့်လွန်းအားကြီးရင် “ဘေး” တွေ့တတ်တယ်။

၁.ခွင့်လွှတ်တတ်သောသူတို့သည် စိတ်ချမ်းသာကြသည်.
၂. ယုံကြည်မှုနဲ့ အမှန်တရားကြားမှာ တရားသဖြင့်ဆိုတဲ့ စိတ်ကောင်းလေးရှိနေပါတယ်….
၃. အခွင့်အရေးရဲ့ အရသာနဲ့ အလုပ်ရဲ့အရသာ ဘယ်ဟာကကောင်းသလဲ ………
အလုပ်ရဲ့အရသာကိုခံစားတတ်ရင် အခွင့်အရေးရဲ့အရသာပြည့်စုံတယ်..

၎. နက်ဖြန်ကိုမျှော်ကိုးပြီး လိုချင်ဇောတွေများနေလား
နက်ဖြန်မရှိလို့ မျှော်လင့်ချက်တွေပျောက်နေလား
ယခုအလုပ်လုပ်ရင်ချက်ချင်းအကျိုးရှိတယ်
၅. သူ့ကြောင့်ဝမ်းသာခဲ့ဖူးပြီ
သူ့ကြောင့်ခံစားခဲ့ဖူးပြီ
ဝမ်းသာရတာခံစားရတာပင်ပန်းလှပါပြီ
၆. မုန်းလောက်အောင်ကြိုးစားလိုက်စမ်းပါ
ပျင်းတဲ့သူတွေကမုန်းချင်သလောက်မုန်းစမ်းပါစေ

No comments: