အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Tuesday 22 July 2008

ဒုစရိုက်/သုစရိုက်


ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တ၀ါများ)
(၂) ခိုး (တစ်ပါးသူပိုင်ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)

(ခ) ၀စီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသောစကားပြောခြင်း)

(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကိုသေကြေပျက်စီးစေလိုခြင်း)
(၃) မိစ္ဆာဒိဋ္ဌိ (အယူမှားခြင်း) ၁

ဒုစရိုက် (၁၀) ပါး ပွား (၄၀)
(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ၀မ်းမြောက် (၁၀) ပါး
သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(ခ) ၀စီကံ (၄) ပါး
(ဂ) မနောကံ (၃) ပါး

ဒုစရိုက် (၁၀) ပါးကိုရှောင်ကြဉ်ခြင်းသည်
သုစရိုက် (၁၀) ပါး ဖြစ်သည်။


သုစရိုက် (၁၀) ပါးလည်းပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ၀မ်းမြောက်


မှတ်ချက်
၎င်းဒုစရိုက်/သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေဟောနေရုံမျှဖြင့် အဓိပ္ပာယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝရှောင်ကြဉ်ကြပြီး သုစရိုက် ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်ဖတ်ရန်..နေရာ

No comments: