အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Monday 21 July 2008

ဒါန၏အကျိုးကျေးဇူး

အလှူဒါနပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများမှာ ယခုဘ၀၌ ပင်လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊ သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ဂုဏ်သတင်းေးကျာ်ကြားခြင်း၊ ပရိသတ်အလယ်၌ ရဲရင့်ခြင်း စသောအကျိုးများကို ရရှိစေနိုင်ပါသည်..သေလွန်သောအခါ၌
သုကတိသို့ ရောက်နိုင်၏၊ ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသောအကျိုးကျေးဇူးများခံစားရ၏။ ထို့ပြင်…………

(၁) လှူဖွယ်ဝတ္တုသည် တရားသဖြင့်ရသောပစ္စဘ်း၊အပြစ်ကင်းစင်သောပစ္စည်းခြင်း
(၂) အလှူရှင်က စေတနာထက်သန်ခြင်း
(၃) အလှူခံပုဂ္ဂိုလ်က အာသဝေါကင်းသော ဘုရားရဟန္တာဖြစ်ခြင်း
(၄) အလှူခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထလာစဖြစ်ခြင်း
ဟူသော အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဒါနသည် မျက်မှောက်ဘ၀၌ပင် လက်ငင်း အကျိုးပေးနိုင်၏၊ထိုသိုမျက်မှောက်ဘ၀၌ လက်ငင်းအကျိုးပေးနိုင်သောကံကို ဒိဋ္ဌိဓမ္မဝေဒနီယကံဟုခေါ်ဆိုပါသည်.။
ထို့အပြင်လည်း………

(၁) လှူသူကသီလရှိခြင်း
(၂) အလှူခံပုဂ္ဂိုလ်ကလည်း သီလရှိသောပုဂ္ဂိုလ်ဖြစ်ခြင်း
(၃) လှူဖွယ်ပစ္စည်းက တရားသောပစ္စည်းဖြစ်ခြင်း
(၄) လှူသူက စေတနာသုံးတန်နှင့် ပြည့်စုံခြင်း
(၅) ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့်လှူခြင်း_
စသော အင်္ဂါ ငါးပါးနှင့် ညီညွတ်သော ဒါနသည် သံသရာတလျှောက်၌ ဘောကသမ္ပတ္တိနှင့် ပြည့်စုံခြင်းဟူသော အကျိုးကိုပေးနိုင်ပါသည်။။

No comments: