အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Sunday 27 July 2008

မှတ်သားဖွယ် ဆောင်ပုဒ်

လက်ရှိခန္ဓာ ၊ မတွယ်တာနှင့် ၊ နောင်လာဘ၀ ၊ မတောင့်တဘဲ ၊ ကြောင့်ကြစွဲဖြင့် ၊
အမြဲမပြတ် ၊ ၀ိပဿနာ ၊ လေ့လာကြိမ်ဖန် ၊အာစိဏ္ဏကံ ၊
ဖြစ်ကြောင်းမှန်မူ ၊ ထိုသည့်သူကား ၊ အယူမလွဲ ၊ကတိမြဲ၏ ။
မီးလောင်စွဲမှ ၊ ရေကိုတ သော် ၊ မရဖြစ်အင် ၊ ပုံနှိုင်းယှဉ်၍ ၊
မဂ္ဂင်သန္ဓေ ၊ တည်မြဲနေအောင် ၊ မသေခင်က ၊ ပြင်ဆင်တောက်လျှောက် ၊
မေ့မပျောက်နှင့် ၊ ချွေးပေါက်ယိုစီး ၊ သေခါနီးဝယ် ၊ အပြီးမုချ ၊ မဂ္ဂင်ရလိမ့် ၊
ကိစ္စမလျော် ၊ အကြောင်းပေါ်၍ ၊ မတော်တဆ ၊ မဂ်မရဦး ၊ ဘ၀အမွန် ၊
တမလွန်တွင် ၊ ထူးချွန်အံ့လောက် ၊ နတ်ပြည်ရောက်၍ ၊ မဖောက်မပြန် ၊
သောတာပန်စစ် ၊ ဧကန်ဖြစ်မည် ၊ မလစ် ၀ိပဿနာ အကျိုးပေတည်း ။

မိုးကုတ်ဆရာတော် ဘုရားကြီးရေးထားတဲ့ တရားဆောင်ပုဒ်လေးပါ..ဆောင်ပုဒ်လေးကို သေချာဖတ်ပြီး လေးလေးနက်နက် တွေးတောဆင်ခြင်နိုင်ကြပါစေဗျာ……..

No comments: