အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Tuesday 22 July 2008

စိတ်ကိုဆုံးမပါ


  • အေ၇းမလှ တွေးသမျှ၊ ဆွေး၇တာလည်း ဒီစိတ်ပဲ။
  • တ၇ားမ၀င် အများပင်၊ မှားချင်တာလည်း ဒီစိတ်ပဲ။
  • နှလုံးမ၀င် မပြုံး၇ွှင်၊ မုန်းချင်တာလည်း ဒီစိတ်ပဲ။
  • မပြစ်မမြင် အနှစ်ထင်၊ ချစ်ခင်တာလည်း ဒီစိတ်ပဲ။
  • ကာမဂုဏ်တွင် အာရုံဝင်၊ ပျော်ရွှင်ချင်တာလည်း ဒီစိတ်ပဲ။
  • အကန်းအသွင် အ၇မ်းနှင်၊ ကြမ်းချင်တာလည်း ဒီစိတ်ပဲ။
  • အပြု အပြင် လူ့တစ်ခွင်၊ နုချင်တာလည်း ဒီစိတ်ပဲ။
  • သတိဥာဏ်ယှဉ် သမ္မဇဉ်၊ သိမြင်တာလည်း ဒီစိတ်ပဲ။
  • ဒါန သီလ သမထ၊ ပြုကြတာလည်း ဒီစိတ်ပဲ။
  • သာသနာကို မကြည်ညို၊ တွန့်တိုတာလည်း ဒီစိတ်ပဲ။
  • အနေမကျ ခြေမကျ၊ သေ၇တာလည်း ဒီစိတ်ပဲ။
  • ဘာဝနာ ၇ှပ်နာမ် အမြင်သန်၊ ကျင့်ကြံတာလည်း ဒီစိတ်ပဲ။
  • တစ်မဂ် တစ်ဖိုလ် ၇က်တိုတို၊ေ၇ာက်လိုတာလည်း ဒီစိတ်ပဲ။
  • တောင်ကလေးဆ၇ာတော်


No comments: