အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Monday 28 July 2008

စိတ်ကောင်းစိတ်ဆိုးရောနှောနေပုံ

စိတ်တို့သည် အလွန်အဖြစ်အပျက် မြန်သောကြောင့် ၅မိနစ် လောက်အတွင်းမှာပင် စိတ်ကောင်းစိတ်ဆိုး(ကုသိုလ် အကုသိုလ်စိတ်ရောနှောလျက်ဖြစ်တက်သည်။နံနက်စောစောအိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ်ဖြစ်နေစဉ် အိမ်အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏။
ဘုရားအာရုံပြုနေစဉ် မခံချင်စဖွယ်ပြော လာသဖြင့်ဒေါသစိတ် ဖြစ်ရ၏
ရောင်းမှု၊ ၀ယ်မှုလောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်သည့်အခါ (လှူမည် တန်းမည်ဟု ကြံမိသည့်အခါ)
သဒ္ဓါစိတ် (ကုသိုလ်)စိတ်ဖြစ်၏။ တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို
သတိရ၍ သတိစိတ်(ကုသိုလ်စိတ်) ဖြစ်ပြန်၏။တဏှာပေပလောဘစိတ်ဖြင့် သမီးခင်ပွန်း စကားပြောနေစဉ်
စကားပြောမတည့်၍ ဒေါသစိတ်ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်အောင်ချော့လိုက်သဖြင့် လောဘစိတ် ဖြစ်ပြန်၏။ဤသို့ စသည်ဖြင့် စိတ်တို့၏ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ်ဖြစ်တိုင်းဖြစ်တိုင်း
မိမိစိတ်ကို "စိတ်ကောင်းလား၊ စိတ်ဆိုးလား"ဟုခွဲခြား၍ သိအောင်သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်းများများဖြစ်အောင် ပြုပြင်ကြပါကုန်။
ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ
လူတို့မှာ တစ်ယောက်နဲ့တစ်ယောက်ရုပ်ချင်း မတူညီကြသကဲ့သို့ ထို့အတူ စိတ်ချင်းလည်း မတူကြချေ။ထုံထိုင်းသော ရုပ် သွက်လက်သောရုပ်ကွဲပြားသကဲ့သို့ ထုံထိုင်းရိုးအသောစိတ် သွက်သွက်လက်လက် ထက်မြက်သောစိတ် ဟုလည်း ကွဲပြားလျှက်ရှိ၏။ ထိုကဲ့သို့ ကွဲပြားရာ၌ အလှဘက် အသွက်ဘက်မှာ အဆင့်ဆင့်သာ၍ ပြိုင်ဘက်ကင်းအောင် လှသူ၊ သွက်လက်သူများလည်းရှိ၏
ထိုအတူ စိတ်ချင်းကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက်ဆက်တန်းတက် ကာ ပြိုင်ဘက်ကင်းလောက်အောင် စိတ်ကောင်းသူ၊ ထက်မြက်သူများရှိကြ၍ စိတ်ထိုင်းဘက်၌လည်း ဆက်ဆက်ဆိုးကာ ကြောက်မက် စက်ဆုပ်ဖွယ်ကောင်းအောင် ယုတ်မာသူ၊ သုံးမဖြစ်အောင် ထိုင်းမှိုင်းသူများလည်း ရှိကြလေသည်။

No comments: