အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Saturday 26 July 2008

ဆားတောင်ဆရာတော်ကြီး၏သြ၀ါဒ

@လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
@ပြောတိုင်းမရ ဒေါမထနှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
@ကြံတိုင်မမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တရှိမည်နည်း။
@ဆင်းရဲကြုံမူ မညီးညူနှင့် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
@ပျက်စီးတိုင်းလျှင် မပူပင်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
@အာရုံဟူသမျှ မတောင့်တနှင့် အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘဆုံးမည်နည်း။
@အရာရာမျိုး စိတ်မဆိုးနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
@သိဥာဏ်မလိုက် သင်မမိုက်နှင့် သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။
@ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။

(ဆားတောင်ဆရာတော်ကြီး)

No comments: