အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Thursday 24 July 2008

ဒါန၏တူသောအကျိုး


စွန့်ကြဲပေးကမ်းလှူဒါန်းသော အခါအလှူခံကို စားစေချင်၊ကောင်းကောင်းမွန်မွန်နေစချင်သော စေတနာသည်ဒါနတည်း။ထိုဒါနကြောင့် ဖြစ်လေရာဘ၀၌စားရ၊ ၀တ်ရ၊ကောင်းကောင်းမွန်မွန်နေရထိုရလောက်အောင် စည်းစိမ်ဥစ္စာနှင့်ပြည့်ုစုံသောဓနရှင်များ ဖြစ်လာရပေသည်။ သို့သော်လှူဒါန်းပေးကမ်းသည့်အခါတုန်းကအပရစေတနာ ချို့တဲ့လျှင် (လှူပြီးနောက် နှမြောသလိုဖြစ်ကာစိတ်မချမ်းသာလျှင်) ထိုဒါနကြောင့်ရှိသောစည်းစိမ်ကို ခံစားလိုစိတ်မရှိဘဲဓနရှင်ဖြစ်ပါလျှက် လူဆင်းရဲများကဲ့သို့ နုံနုံချာချာနှင့်နေရတက်လေသည်။ ဖြစ်စဉ်
ငါတို့ဘုရားမပွင့်မီ သာသနာပကာလ၌ သူကြွယ်တစ်ယောက်သည် အိမ်ပေါက်ဝ၌ဆွမ်းရပ်တော်မူလာသောပစ္စေကဗုဒ္ဓါအရှင်မြတ်အား "ဆွမ်းလောင်းကြပါ"ဟုပြောဆို၍ ကိစ္စတစ်ခုအတွက်နေရာမှထသွားပြီးနောက်"ဆွမ်းလောင်းခိုင်းမိတာမှားပေါ့၊ထိုထမင်းများကို အခိုင်းအစေများစားတာကပင်ကောင်းသေးရဲ့"ဟု တွေးကာနှလုံးမသာမယာနှင့်အပရစေတနာချို့တဲ့မိလေသည်။ ထိုသူကြွယ်သည် ဆွမ်းကိုလှူခိုင်းခဲ့သောကုသိုလ်ကြောင့် ငါတို့ဘုရားရှင်လက်ထက်တော်၌ သူဋ္ဌေးဖြစ်လာ၏။သို့ရာတွင် အပရစေတနာချို့တဲ့မူကြောင့်သူဋ္ဌေးနှင့်တူအော် နေချင်စိတ်မရှိ ပိုက်ဆန်လျှော်ချည်ဖြင့်ရက်သော အ၀တ်ကြမ်းကို ၃စပ်လောက်ဆက်စပ်ပြီးဝတ်လေ့ရှိ၏။ဆန်ကွဲထမင်းပုံးရည်ဟင်းကို စားသောက်လေ့ရှိ၏။ဤသို့ အနုံအမွဲ လူဆင်းရဲအနေမျိုးနေကာ မကြာခင်အသက်ဆုံး၍ စည်းစိမ်အားလုံးမင်းဏ္ဍာငွေဖြစ်ရလေသည်။
အကောင်းဆုံးကောက်ချက်ချလျှင် ထိုက်တန်အောင် ၀တ်လို့ စားလို့၊မိမိ၏ကလေးများအတွက်လည်း အမွေအနှစ်ထားလို့၊ ထိုက်တန်အောင်လည်းစွန့်ကြဲပေးကမ်းလို့ နေထိုင်ကြမှသာပစ္စည်း ဥစ္စာနှင့်ဆိုင်ရာဝယ်လောကသံသရာ၂ဖြာလုံးအကျိုးရှိအောင် နေတက်သူဟုဆိုရပေမည်။ထို့ကြောင့်ဒီပဲယင်းဆရာတော်ကြီးက "စားလည်းစားကြပါ၊မသေခင် စားဖို့နှင့်အမွေအနှစ်ပေးဖို့လည်း နောင်သံသရာ အတါက်ကုသိုလ်ပဒေသာပင်ကိုလည်း စိုက်ပျိုးကြပါ"ဟူသော တိုကတွန်းချက်ဖြင့်အောက်ပါလင်္ကာကို မိန့်ဆိုတော်မူသည်။
"စားသမျှ မစင်၊ထားသမှ မသေခင်၊
ပြုသမျှ ကုသိုလ်အပင်၊ယခုကာလ ဘ၀ကောင်းတွင်၊
စားလည်းစား၊ ထားလည်းထား၊
ပြုလည်းပြုကြမှ တော်မည်ထင်။"
အားလုံး ဒါနကုသိုလ်များအမြဲမပြတ် ပြုလုပ်နိုင်ကြပါစေ........

No comments: