အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Friday 1 August 2008

ပညာရှင်တို့၏အဆိုအမိန့်များ

ဗြဟ္မစိုရ်တရာ-၄-ပါး
တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်၊
ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြုင် ပြောင်းပါ့မယ်၊
နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်၊
နိုင်မည့်အစား ကရုဏာပွာ၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်၊
မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည်၊
ရွဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်၊
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခုနိဗ္ဗာန် တိုင်လိမ့်မယ်။


ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓ
------------------------
ကြီးပွားကြောင်းတရား

ပျက်တာကိုပြင်၊ ပျောက်လျှင်ရှာဖွေ၊
သုံးလေမျှရုံ၊ ဉာဏ်ထုံသူအား ဦးမထား၊
လေးပါး ကြီးပွားကြောင်း။
ပျက်တာမပြင်၊ ပျောက်လျှင်မရှာ၊
ဗလပွသုံး၊ ဉာဏ်ထုံသူအား အမှူးထား၊
လေးပါး ပျက်စီးကြောင်း။
ရအောင်ပြုလုပ်၊ သိမ်းထုတ်လုံအောင်၊
သုံးစွဲမျှရုံ၊ ပေါင်းထုံမိတ်ကောင်း ကြီးပွါးကြောင်း၊
ကောင်းကောင်းမှတ်ကြပါ။


သီတဂူဆရာတော်
--------------------


ပိုင်တာလုပ်မှ စိတ်အေးရ
ခန္ဓာအငှား၊ အလုပ်များလည်း၊ အငှားတွေသာ၊ လုပ်ရပါ၊ ကိုယ့်ဟာ ဘာမှမဟုတ်။
ကောင်းမှုတရား၊ ကိုယ်ပိုင်များ၊ ကြိုးစားကိုယ့် အလုပ်။
အပိုင်အငှား၊ နှစ်ပါးကြောင်းရာ၊ ဆုံသောခါ၊ ပိုင်တာ ဦးစွာလုပ်။
စိတ်ဓာတ်ကိုမြှင့်၊ လုပ်ပိုင်ခွင့်၊ လမ်းဖွင့် ကြိုးစားလုပ်။

No comments: