အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Thursday, 31 July 2008

အကောင်းမြင်မှ အမြင်ကောင်းမယ်အစောင်းမြင်ရင် အမြင်စောင်းမယ်

ဆင်ခြင်မှုအပ္ပမာဒနဲ့ ပြည့်စုံဖို့အတွက်
ယောနိသော မနသိကာရုဆိုတဲ
အကောင်းမြင်စိတ်ထားရှိဖို့
အထူးလိုအပ်ပါတယ်။
အရာရာကို အကောင်းဘက်ကနေ
ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတက်မှသာ
အကုသိုလ်တရားခေါင်းပါးပြီး
ကုသိုလ်တရားတိုးပွားနိုင်ပါတယ်။
ထစ်ခနဲရှိအဆိုးမြင်၊
ထစ်ခနဲရှိ အဆိုးထင်နေလို့ကတော့
ဘယ်လောက်ကောင်းတဲ့ အာရုံနဲ့ပဲကြုံကြုံ၊
ကောင်းကွတ်ကို မတွေ့ဘဲ
ဆိုးကွက်တွေချည်းပဲ တွေ့နေပါလိမ့်မယ်.။
(အရှင်ဆန္ဒာဓိက)

No comments: